အရိုး၊ ကြွက်သား၊ အကြော သို့မဟုတ် အရွတ်ဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရပြီဆိုလျှင် တွန့်ဆုတ်မနေဘဲ ဖျာသိုင်း (၃) ဆေးရုံ (Phyathai 3 Hospital) ရှိ အရိုးအဆစ်နှင့် အဆစ်အစားထိုး ကုသရေးဌာန (Musculoskeletal and Joint Replacement Institute) သို့ ယုံကြည်စိတ်ချစွာ လာရောက်နိုင်ပါသည်။ လူနာများ၏ အယုံအကြည်ကို အခိုင်အမာရရှိထားသည့် ကျွန်ုပ်တို့ဆေးရုံအနေဖြင့် ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အစစအရာရာ ဖြည့်ဆည်းပေးရန် အမြဲတမ်း အသင့်ရှိနေပါသည်။
ကျွန်ုပ်တို့၏ဆေးရုံသည် အာရှတွင် ဒူးခေါင်းအစားထိုးဆွဲကုသမှုအများဆုံးပြုလုပ်ခဲ့သည့် ထိပ်တန်းဆေးရုံတစ်ရုံအဖြစ် နာမည်ကျော်ကြားလျက်ရှိပါသည်။ Musculoskeletal and Joint Replacement Institute မှ နာမည်ကျော်အရိုးအထူးကုဆရာဝန်ကြီးများသည် ရောဂါရှာဖွေခြင်းနှင့် အထူးပြုခွဲစိတ်ကုသမှုဆိုင်ရာ ကျွမ်းကျင်မှုများအတွက် နိုင်ငံတွင်းသာမက နိုင်ငံတကာအဆင့်ပါ အသိအမှတ်ပြုခံထားရသူများ ဖြစ်ကြပါသည်။ တစ်နှစ်လျှင် ဒူးခေါင်းအစားထိုးခွဲစိတ်မှု ပျမ်းမျှအကြိမ်ရေ ၇၀၀ ခန့် လုပ်ဆောင်လျက်ရှိပြီး လူနာများ၏ ယုံကြည်အားကိုးမှုကြောင့် ကျွန်ုပ်တို့ဆေးရုံသည် အာရှရှိ ပုဂ္ဂလိကဆေးရုံများအနက် ဦးဆောင်သည့်နေရာတွင် ရပ်တည်နေနိုင်ခဲ့ပါသည်။
အရည်အသွေးပြည့်ဝသော ကုသမှုများကို အစအဆုံး ပံ့ပိုးပေးနိုင်ရန်အတွက် ကျွန်ုပ်တို့တွင် ဘက်စုံကျွမ်းကျင်ပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့ အသင့်ရှိနေပါသည်။
ဒူးခေါင်းအစားထိုး ခွဲစိတ်ကုသမှုများတွင် ထူးချွန်ပြောင်မြောက်သည့် ချဉ်းကပ်လုပ်ဆောင်ချက်များကြောင့် “Create Innovation in PYT 3 (I3: Improvement, Innovation, Integration)” စီမံချက်ဖြင့် ဂုဏ်သိက္ခာကြီးမားသော Multidisciplinary Team Innovation (ဘက်စုံကျွမ်းကျင်ပညာရှင်များအဖွဲ့၏ ဆန်းသစ်တီထွင်မှု) ဆုကို ရရှိခဲ့ခြင်းက ကျွန်ုပ်တို့၏ ထူးချွန်ထက်မြက်မှုအပေါ် ကတိကဝတ်ပြုထားမှုကို သက်သေပြလျက်ရှိပါသည်။
အသေးစိတ်အချက်အလက်တိုင်းကို အထူးဂရုပြုဆောင်ရွက်ပေးခြင်းသည် ကျွန်ုပ်တို့၏ ရိုးရာလက်ရာနှင့် ထူးခြားချက်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများတွင် အောက်ပါ ရောဂါအမျိုးအစား အသီးသီးအတွက် အထူးပြု ကုသမှုများ ပါဝင်သည်။
ခြေဖဝါးနှင့် ခြေချင်းဝတ် ကုသမှုဌာန
လက်နှင့် အဏုကြည့် အဏုလက်သီးဆစ် ခွဲစိတ်ကုသမှုဌာန (သို့မဟုတ်) လက်ပိုင်းဆိုင်ရာ အဏုခွဲစိတ်ကုသမှုဌာန
လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ကျွန်ုပ်တို့အနေဖြင့် အသေးစိတ်ဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆရာဝန်များ၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များ (ဖစ်ဇီယို)၊ အာဟာရပညာရှင်များနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များ ပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့သားများသည် ခွဲစိတ်ကုသမှု မပြုမီနှင့် ပြီးနောက်ပိုင်း ကုသမှုများတွင် ပိုမိုထိရောက်မှုရှိစေရန် ပံ့ပိုးပေးနေပါသည်။ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တိကျသေချာသော ရောဂါရှာဖွေမှုနှင့် ခွဲစိတ်ကုသမှုများအတွက် ခေတ်မီဆန်းသစ်သော နည်းပညာများကို အသုံးပြုထားပါသည်။
ထို့အပြင် ခွဲစိတ်ပြီးနောက် သက်သာပျောက်ကင်းလာစေရေးအတွက် အခန်းတွင်း၌ အမြဲတမ်းတပ်ဆင်ထားသည့် လက်ရန်းများ၊ ဘီးတပ်ကုလားထိုင် အသုံးပြုသွားလာနိုင်သော ကျယ်ဝန်းသည့် ရေချိုးခန်းစသည့် အဆောက်အအုံများနှင့် ပြည့်စုံကာ သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါသည်။ ဤကဲ့သို့သော အဆင်ပြေမှုများသည် လူနာများအား သူနာပြုများနှင့် မိသားစုဝင်များ၏ အနီးကပ်စောင့်ရှောက်မှုအောက်တွင် ကိုယ်ပိုင်လွတ်လပ်စွာဖြင့် သက်လုံပြန်ကောင်းလာစေရန် အထောက်အကူပြုပေးပါသည်။
ဖျာထိုင်း ၃ ဆေးရုံ (Phyathai 3 Hospital) ရှိ ကြွက်သား၊ အရိုးနှင့် အဆစ်အမြစ် အစားထိုးကုသရေးဌာနတွင် ချောမွေ့ပြီး အရည်အသွေးအမြင့်မားဆုံး ကုသစောင့်ရှောက်မှုများကို ပေးအပ်ရန် ကျွန်ုပ်တို့ ကတိပြုထားပါသည်။ လူနာများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာရှိမှုတို့အပြင် ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုများကိုပါ နားလည်သဘောပေါက်လျက် ကျန်းမာရေးစောင့်ရှောက်မှု၏ ရှုပ်ထွေးနက်နဲမှုများကို ကျွန်ုပ်တို့ ဂရုတစိုက် ဆောင်ရွက်ပေးနေပါသည်။
ထို့ကြောင့် သင့်ကုသမှု၏ ကဏ္ဍတိုင်းသည် ထူးချွန်မှုနှင့် ကရုဏာတရားတို့ ပေါင်းစပ်ထားသော ကျွမ်းကျင်သူများ၏ လက်ထဲတွင် ရှိနေပါကြောင်း စိတ်ချယုံကြည်နိုင်ပါသည်။