၁၂ ရက်တာ မခံမရပ်နိုင်အောင် နာကျင်ခဲ့ရတဲ့နေ့များမှ… နာကျင်မှုကင်းတဲ့နေ့တစ်နေ့ဆီ ပြန်လည်ရောက်ရှိခဲ့တဲ့ ကိုယ်တွေ့ခရီး
ကျွန်တော် လွန်ခဲ့တဲ့ ရက် ၂၀ ခန့်က မနက်အိပ်ယာကနိုးတော့ အုန်းလွဲနေပါတယ်…ညာဖက်ကို ခေါင်းက လှည့်မရဘဲ နာနေတာမျိုးပါ… အဲ့တော့ အိမ်မှာရှိနေတဲ့ လိမ်းဆေးကို ဇက်နဲ့ ပခုံးပေါ်တွေကို လိမ်းလိုက်ပါတယ်…အရင်လဲ အုန်းလွဲဖူးတော့ သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး… ဒီလိုနဲ့ ၃…၄ ရက်ကြာချိန်ထိ မပျောက်ပါဘူး… သောက်ဆေးကူမှ ရမယ်လို့တွေးပြီး မိတ်ဆွေဆရာဝန် ပြောတဲ့ သောက်ဆေးကို တရက် ၃ ကြိမ်သောက်ပြီး ခရီး ၅ ရက်ခန့်သွားလိုက်ပါသေးတယ်… လမ်းခရီးမှာလည်း သိပ်ပီးအနှောက်အယှက်မဖြစ်ပါဘူး… အနည်းငယ်နာနေပြီး ဇက်က လှည့်မရသေးတာဘဲရှိပါတယ်…ဒီလိုနဲ့ ခရီးကနေ ရန်ကုန် ကို ပြန်ရောက် ခဲ့တယ်… စဖြစ်တဲ့ရက်ကနေတွက်ကြည့်ရင် ၁၀ ရက်ခန့် ကြာနေသော်လည်း မပျောက်သေးပါဘူး… အလုပ်က များနေတာ မို့ ပျောက်မှဘဲဖြစ်ချေတော့မယ်လို့ တွေးပြီး တရုတ်ဆေးဆရာကိုသွားရောက်ပြသခဲ့ပါတယ်…ဆေးခန်းရောက်တော့ […]
