သားယောကျာ်းလေးရလိုတဲ့ ဆန္ဒမှ အမွှာကိုယ်ဝန်အထိ… Phyathai 3 Hospital မှာ အောင်မြင်ခဲ့တဲ့ ICSI/IVF ခရီးစဉ်

သားယောကျာ်းလေးရလိုတဲ့ ဆန္ဒမှ အမွှာကိုယ်ဝန်အထိ… Phyathai 3 Hospital မှာ အောင်မြင်ခဲ့တဲ့ ICSI/IVF ခရီးစဉ်

💥ICSI/IVF ခရီးစဉ် ပထမအပိုင်း💥

💁ကျွန်မတို့ Phyathai 3 Hospital Myanmar 

မှတဆင့် ဘန်ကောက်မြို့ရှိ Phyathai 3 Hospitalသို့ ယုံကြည်စိတ်ချစွာသွားရောက်၍ IVF/ICSI ပြုလုပ်ခဲ့သော ချစ်စရာစုံတွဲလေး👫ရဲ့ IVFခရီးစဉ်အကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်။

👫ဒီစုံတွဲလေးကတော့ အမျိုးသားရော အမျိုးသမီးရော အသက်၃၅နှစ် ဖြစ်ပါတယ်။ အိမ်ထောင်သက်၁၅နှစ်အတွင်းမှာ သမီးလေးတစ်ယောက်ထွန်းကားပါတယ်။ ယခု IVFလုပ်ရခြင်းရည်ရွယ်ချက်ကတော့သားယောကျာ်းလေးလိုချင်သောကြောင့်ဖြစ်ပါတယ်။

➡️ထို့ကြောင့် March2024မှာ Phyathai 3 Hospital Myanmar ရန်ကုန်ရုံးသို့လာရောက်၍ IVFအကြောင်းလာရောက်စုံစမ်းခဲ့ပါတယ်။ ရန်ကုန်ရုံးမှ Doctor ကိုယ်တိုင် IVF/ICSIနှင့်ပတ်သက်သော လုပ်ဆောင်ချက်များကိုအသေးစိတ်ရှင်းပြပြီးနောက် လိုအပ်သောသွေးစစ်ခြင်းများပြုလုပ်ပြီး IVFပြုလုပ်ရန်သင့်တော်သောအဖြေရရှိခဲ့သောကြောင့် လူနာမှ Phyathai 3 Hospital တွင် IVF/ICSIလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

➡️IVF procedure ရဲ့ပထမဆုံးအဆင့်ကတော့ သားဥလှုံ့ဆော်ဆေးထိုးခြင်း(Ovarian Stimulation)ဖြစ်ပါတယ်။ Ovarian Stimulation အတွက် ရာသီလာတဲ့ရက် ဒုတိယရက်မြောက်မှာစပြီး သားဥလှုံ့ဆော်ဆေးကို 10ရက်ကြာ နေ့တိုင်းပုံမှန်ထိုးရပါတယ်။ 

➡️လူနာရဲ့အဓိကပြဿနာကတော့ ရာသီရက်မမှန်တာဖြစ်ပါတယ်။ လူနာ Historyအရ အပျိုဖော်ဝင်ခါစမှ အခုချိန်ထိ ရာသီက ၂လ/၃လကြာမှ တခါလာတာမျိုးဖြစ်ပါတယ်။ ကျွန်မတို့ဆီလာစုံစမ်းတဲ့အချိန်မှာ အမျိုးသမီးရဲ့ နောက်ဆုံးရာသီလာခဲ့တဲ့ရက်က (LMP= 13.3.2024) ဖြစ်ပါတယ်။ IVFကို Aprilလမှာစလုပ်ချင်တဲ့အတွက် Aprilလမှာရာသီပုံမှန်လာအောင်ရက်ခန့်မှန်းနိုင်ဖို့ ရာသီမှန်သောက်ဆေးကို March22 မှ April 11ရက်နေ့အထိ ပုံမှန်သောက်ခိုင်းခဲ့ပါတယ်။ သောက်ဆေးရပ်ပြီး၅ရက်အကြာ April17မှာ ရာသီစလာပါတယ်။

🩸1st Day of Menstruation (April 17)

🩸💉2nd Day of Menstruation (April18): လိုအပ်တဲ့သွေးစစ်‌ဆေးခြင်းBlood tests ၊ TVS(သားဥနှင်သားအိမ်အခြေအနေကိုမိန်းမကိုယ်မှတဆင့် ultrasoundရိုက်ခြင်း)တို့ပြုလုပ်ပြီး Ovarian Stimulation အတွက် သားဥလှုံဆော်ဆေးကိုစတင်ထိုးခဲ့ပါတယ်။ သားဥလှုံ့ဆော်ဆေးကို၁၂ရက်ကြာနေ့တိုင်းပုံမှန်ထိုးသွားရပါတယ်။

💉April 24 : Follow up for blood test and TVS

💉April 27: Follow up for blood test and TVS

🔴April 30: Ovum pickup (အမျိုးသမီးဆီမှသားဥများထုတ်ယူခြင်း)+ sperm collect (အမျိုးသားဆီမှသုတ်ပိုးသိမ်းဆည်းခြင်း)

♦️Ovum pickup လုပ်ပြီး မျိုးဥ ၁၅လုံးရရှိပါတယ်။ 

♦️၁၅လုံးထဲမှာမှ ရင့်ကျက်တဲ့မျိုးဥ ၁၂လုံးကို ICSI(မျိုးဥထဲသို့သုတ်ပိုးထည့်သွင်းခြင်း)ပြုလုပ်ပါတယ်။

♦️ICSI လုပ်ပြီး Day1တွင် Embryo(သန္ဓေသားလောင်း) 11လုံးရရှိပါတယ်။ Embryoများကိုရက်အလိုက်မွေးမြူပြီး Day5မှာ Embryo 7လုံးကျန်ရှိပြီး Genetic testing(မျိုးရိုးဗီဇစစ်ဆေးခြင်း)ကိုစတင်ပြုလုပ်ပါတယ်။ 

♦️Day10 နောက်ဆုံးရလဒ်အရ အရည်အသွေးပြည့်မှီသော ကျန်းမာသော male embryo (ယောကျာ်းလေးသန္ဓေသားလောင်း) 5လုံးကိုရရှိခဲ့ပါတယ်။ ရရှိထားသော male embryo 5လုံးကို embryo freezing ဖြင့်သိမ်းဆည်းပေးထားပါတယ်။ 

🎉လူနာလိုချင်တာလည်းယောကျာ်းလေး၊ ရရှိလာတဲ့embryoတွေကလည်း ယောကျာ်းလေးဖြစ်တဲ့အတွက် လူနာရဲ့ဆန္ဒနဲ့တထပ်တည်းကျခဲ့တဲ့အတွက် ကျွန်မတို့ Phyathai 3 Hospital မှ အထူးပင်ဝမ်းမြောက်ရပါတယ်ရှင့်။🎉

💥ICSI/IVF ခရီးစဉ် ဒုတိယပိုင်း💥 

💁ဒုတိယအပိုင်းမှာတော့ Endometrial Preparation (သန္ဓေသားလောင်းကပ်တွယ်နိုင်အောင် သားအိမ်နံရံပြင်ဆင်ခြင်း)ကို ပြုလုပ်ပြီးမှ Embryo Transfer (သန္ဓေသားလောင်းကို သားအိမ်ထဲသို့ထည့်ခြင်း)ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ Endometrial Preparation ကိုစတင်ပြုလုပ်ရန်အတွက် ရာသီလာတာကို စောင့်ရပါတယ်။

🗓️June1 : ရာသီစလာပါတယ်။ လူနာကတော့မြန်မာပြည်မှာပဲနေလို့ရပါသေးတယ်။

🗓️June2 : TVS ultrasound ကို မြန်မာပြည်မှာပဲ‌ရိုက်ပြီး result ကို Phyathai 3 သို့ပို့‌ပေးပြီး သားအိမ်နံရံအခြေအနေကို ဆရာဝန်မှ ကြည့်ရှုပြီးနောက် Endometrial Preparation အတွက် သောက်ဆေးနှင့် ချက်မှာကပ်ရသော hormone ကပ်ခွာများကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ရာသီလာတဲ့ဒုတိယရက်မြောက်မှစပြီး နေ့စဉ်သောက်သုံးသွားရပါတယ်။

🗓️June 12: ဘန်ကောက်သို့သွားရောက်၍ follow up အတွက် TVS ultrasound ကို Phyathai 3 Hospital တွင် ရိုက်ပြီး ဆရာဝန်မှ သားအိမ်နံရံအခြေအနေကိုကြည့်ရှုပေးပါတယ်။

🗓️June 19: သားအိမ်နံရံက သ‌န္ဓေသားလောင်းကပ်တွယ်နိုင်တဲ့ အနေအထားသို့ရောက်လာတဲ့အတွက် Embryo Transferကို ပြုလုပ်ပါတယ်။ လူနာမှအမွှာကိုယ်ဝန်လိုချင်တဲ့အတွက် ဆရာဝန်မှ Embryo 2လုံးကို သားအိမ်ထဲသို့ ထည့်ပေးခဲ့ပါတယ်။

🗓️June 26: ဆရာဝန်မှ သန္ဓေမြဲစေရန်အတွက် Proluton depot injection ထိုးပေးပါတယ်။

🗓️June 29: ကိုယ်ဝန်ရှိမရှိသွေးစစ်ရပါတယ်။ သွေးအဖြေအရ Beta HCG positive ဖြစ်တဲ့အတွက် ကိုယ်ဝန်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

💁ထို့နောက် လူနာမှ မြန်မာပြည်သို့ပြန်လာပြီး ဆရာဝန်ညွှန်ကြားထားသလို ၁ပတ်အကြာမှာ TVS ultrasound ကိုပြန်ရိုက်ခိုင်းတဲ့အတွက် TVSရိုက်ကြည့်ရာမှာ အမွှာကိုယ်ဝန်ကို အောင်မြင်စွာရရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

🎊ကျွန်မတို့ Phyathai 3 Hospital မှ ICSIနည်းဖြင့် အောင်မြင်စွာအမွှာကိုယ်ဝန်ရရှိသွားသော ချစ်စရာစုံတွဲလေးအတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်ရှင့်။

🎊🎉 Big Congratulations to Our Phyathai 3 Hospital’s IVF Couples for Twin Pregnancy.🎊