ဦးနှောက်သွေးယိုစိမ့်မှုမှ… VP Shunt ခွဲစိတ်ကုသမှုနှင့် ပြန်လည်သန်စွမ်းရေးကုထုံးဖြင့် လမ်းပြန်လျှောက်နိုင်လာခဲ့သော အသက် ၆၀ အရွယ် အမျိုးသမီး၏ ကုသမှုခရီး

ဦးနှောက်သွေးယိုစိမ့်မှုမှ… VP Shunt ခွဲစိတ်ကုသမှုနှင့် ပြန်လည်သန်စွမ်းရေးကုထုံးဖြင့် လမ်းပြန်လျှောက်နိုင်လာခဲ့သော အသက် ၆၀ အရွယ် အမျိုးသမီး၏ ကုသမှုခရီး

💁ကျွန်မတို့ Phyathai 3 ဆေးရုံ မှာ VP shunt အောင်မြင်စွာခွဲစိတ်ကုသမှုခံယူနိုင်ခဲ့သော လူနာ၏ရောဂါရာဇဝင်အကြောင်း ပြန်လည်မျှဝေပေးချင်ပါတယ်ရှင့်။

🧑‍⚕️လူနာကတော့ အသက်60၊ အမျိုးသမီးဖြစ်ပါတယ်။ ပထမဦးဆုံး လူနာရောဂါဖြစ်စဉ်အစကိုပြောပြချင်ပါတယ်။ လူနာမှာ Brain Aneurysm လို့ခေါ်တဲ့ ဦးနှောက်သွေးကြောဖောင်းရှိတာကိုမသိခဲ့ပါဘူး။ 

♦️လူနာသည် ဘာရောဂါလက္ခဏာမှမပြပဲ ကျန်းကျန်းမာမာအနေအထားမှ ရုတ်တရက်ထိုသွေးကြောဖောင်းပေါက်ထွက်သွားသောကြောင့် ဦးနှောက်သွေးယိုစိမ့်မှု(SAH)ဖြစ်ပြီး April 12, 2024 မှာ ထိုသွေးကြောဖောင်းပေါက်တာကိုပြန်ချည်ဖို့ “Craniotomy with Clipping of Aneurysm” procedureကို မြန်မာပြည်ကဆေးရုံတစ်ခုမှာ အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ 

♦️ထိုအရေးပေါ်ခွဲစိတ်မှုနောက်ပိုင်းမှာ ၂လကြာတဲ့ထိ တိုးတက်မှုလက္ခဏာမတွေ့ရပဲ လူနာကတောက်လျှောက်မှိန်းနေပြီး ခန္ဓာကိုယ်ဘယ်ဘက်တခြမ်းလုံးလှုပ်မရ၊ ညာဘက်မျက်လုံးဖွင့်လို့မရ၊ စကားမပီလာတာတွေဖြစ်လာပါတယ်။ 

♦️ဆရာဝန်မှ ဦးနှောက်ထဲမှာ ဦးနှောက်အရည် (CSF)တွေများနေခြင်း‌ကြောင့် ဦးနှောက်အတွင်းဖိအား (ICP)တက်နေတဲ့အတွက် နောက်တစ်ကြိမ်ခွဲစိတ်မှုပြုလုပ်ရမယ်လို့ပြောပါတယ်။

💁ထိုအခါလူနာ၏မိသားစုမှ စိတ်ပူလာသောကြောင့် ဘန်ကောက်မှာပဲသွားရောက်ခွဲစိတ်ကုသမှုခံယူလိုသဖြင့် ကျွန်မတို့ Phyathai 3 Hospital Myanmar (Pan Asia Medical) သို့ဆက်သွယ်လာခဲ့ပါတယ်။ Phyathai 3 Hospital သို့ဆေးသွားရောက်ကုသရန်အတွက် လေယာဉ်စီစဉ်ပေးခြင်း၊ လေဆိပ်မှဆေးရုံသို့ambulanceစီစဉ်ပေးခြင်းစတဲ့ ခရီးစဉ်အစအဆုံးကို သေချာစီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။

🧑‍⚕️လူနာ၏ Phyathai 3 Hospital တွင်ဆေးကုသမှုမှတ်တမ်း

🗓️June25: လေဆိပ်ကနေဆေးရုံသို့ ambulanceဖြင့် ဆေးရုံEmergency(အရေးပေါ်ဌာန)သို့ ရောက်ရှိလာပါတယ်။ အရေးပေါ်မှာလိုအပ်တဲ့သွေးစစ်မှုတွေလုပ်ပြီး N/S Drip 1ဘူးချိတ်ပါတယ်။ Dr. Theerachai မှ ဦးနှောက်ကို MRI+MRAရိုက်ပါတယ်။ နောက်ထပ် MRA carotid and neck၊ ရင်ဘတ်ဓာတ်မှန်၊ ECG၊ Echoတွေရိုက်ပါတယ်။

🗓️June27:  Dr.Theerachaiမှ ဦးနှောက်ထဲတွင်များနေသော CSFအရည်ကို လျှော့ချရန်အတွက် VP Shunt Operation ကိုပြုလုပ်ခဲ့ပါတယ်။ VP shunt လုပ်ပြီးပြီးချင်း ICU(အထူးကြပ်မတ်ဆောင်)မှာ ၂ရက်နေပြီးနောက် ပုံမှန်wardထဲသို့‌‌ပြောင်းခဲ့ပါတယ်။

🧑‍⚕️ဆေးရုံတက်နေတဲ့ကာလအတွင်းမှာ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများမှပုံမှန်ကြည့်ရှုကုသမှုများပေးခဲ့ပါတယ်။ လူနာအား ပြန်လည်သန်စွမ်းကုသမှုအတွက် Minor Rehab Exercise များလည်းပြုလုပ်ပေးခဲ့ပါတယ်။

🗓️July 6: လူနာအခြေအနေတိုးတက်တည်ငြိမ်လာတဲ့အတွက်ဆေးရုံဆင်းခဲ့ပါတယ်။

🧑‍⚕️ဆေးရုံဆင်းပြီးနောက် Physiotherapy (ပြန်လည်သန်စွမ်းမှုကုထုံး)ခံယူရန်အတွက် July8,9,10,11,12ရက်တွေမှာ ရက်ချိန်းအတိုင်း ဆေးရုံသို့ပုံမှန်လာရောက်၍ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း ကုထုံးများကိုလုပ်ခဲ့ပါတယ်။

🗓️July13: ဆရာဝန်နှင့် Follow upပြန်ပြပါတယ်။ ဆရာဝန်မှ CT Brain ပြန်ရိုက်ခိုင်းပြီး CT result အရလည်း အခြေအနေအများကြီးတိုးတက်လာပါတယ်။ ထို့နောက်VP shuntအတွက် pressure ချိန်ညှိပေးခဲ့ပါတယ်။

🗓️July14,15,18,19,20,21,23,24,26ရက်တွေမှာလည်း Physiotherapy ကုထုံးခံယူရန်အတွက် ဆေးရုံသို့ပုံမှန်လာခဲ့ပါတယ်။

🗓️July27: Dr Theerachai မှ follow up ထပ်ခေါ်ပြီး VP shunt pressure ကို ထပ်မံချိန်ညှိပေးခဲ့ပါတယ်။

🗓️Aug10: Dr Theerachai မှ follow up ထပ်ခေါ်ပါတယ်။ လူနာရဲ့အခြေအနေမှာပိုတိုးတက်ကောင်းမွန်လာပြီး ဟန်ချက်ညီညီ လမ်းတွေစလျှောက်နိုင်နေပါပြီ။ VP shunt pressure ကိုချိန်ညှိပေးပြီး နောက်တကြိမ်follow upကို ၃လကြာပြန်ချိန်းထားပါတယ်။

🗓️Aug 18: လူနာသည် မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာပါသည်။

💁VP shunt ပြုလုပ်ပြီးနောက်ပိုင်း လူနာ၏တိုးတက်မှုအခြေအနေ

✅VP shunt လုပ်ပြီး Physiotherapy ကိုလည်းလူနာမှ နေ့တိုင်းပုံမှန်ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်လည်း ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းလှုပ်ရှားမှု ပြုလုပ်လာနိုင်ပါပြီ။ 

✅ဟန်ချက်ညီညီလမ်းစလျှောက်နိုင်ပါပြီ။

✅အရင်လိုမှိန်းနေခြင်းမရှိတော့ပဲ လူနာမှာလန်းလန်းဆန်းဆန်းနဲ့ စကားတွေလည်းပြောလာနိုင်ပါတယ်။

✅ဆက်လက်ပြီးတော့ လူနာမှ Physiotherapy ကိုပုံမှန်ရက်ချိန်းအတိုင်းလုပ်သွားရမှာဖြစ်ပါတယ်။

✅ညာဘက်မျက်ခွံတွဲကျတာနဲ့အမြင်နှစ်ထပ်ဖြစ်နေခြင်းတော့ရှိပါသေးတယ်။

🧑‍⚕️ဦးနှောက်အာရုံကြောရောဂါများအတွက် ကျွန်မတို့ရဲ့ Phyathai 3 Hospital တွင်အတွေ့အကြုံရှိ၊ ဝါရင့်ကျွမ်းကျင်သော ဦးနှောက်အာရုံကြောအထူးကု ဆရာဝန်ကြီးများမှ နေ့စဉ်တိုင်ပင်ဆွေးနွေးကုသပေးလျက်ရှိပါတယ်။