ဒူးနာကျင်မှုကြောင့် လှုပ်ရှားသွားလာရခက်ခဲခဲ့ရာမှ… ဒူးနှစ်ဖက်အစားထိုးခွဲစိတ်ပြီး ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အန်တီစံပယ်ရဲ့ ကုသမှုခရီး

ဒူးနာကျင်မှုကြောင့် လှုပ်ရှားသွားလာရခက်ခဲခဲ့ရာမှ… ဒူးနှစ်ဖက်အစားထိုးခွဲစိတ်ပြီး ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အန်တီစံပယ်ရဲ့ ကုသမှုခရီး

🔷Phyathai 3 ဆေးရုံမှာ ဒူးခေါင်းအစားထိုးကုသခဲ့တဲ့ အန်တီစံပယ်ရဲ့  ကုသမှုအတွေ့အကြုံကို ပုံရိပ်များနဲ့တကွ မျှဝေလိုက်ပါတယ်ရှင်

➡ အန်တီက အသက် ၅၇နှစ်ရှိပါပြီ။ ကိုယ်အလေးချိန်ကတော့ ၁၉၄ ပေါင်ခန့်ရှိပါတယ်။ 2019 တုန်းက Gym ဆော့ခဲ့ရာကနေ ဒဏ်ဖြစ်ပြီး ဒူးခေါင်းနာကျင်မှုကို ခံစားလာခဲ့ရပါတယ်။ ခြေသလုံးအရိုးပုံစံက အတန်ငယ်ကွေးလာတာကိုလည်း သတိထားလာမိခဲ့ပါတယ်။ အန်တီ့မှာ သွေးတိုးရောဂါအခံလည်း ရှိနေခဲ့ပါတယ်။

➡ ကိုဗစ်ကာလမှာ အိမ်မှာပဲနေရာကနေ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာတာကြောင့် ခန္ဓာကိုယ်အလေးချိန်လည်း ပိုပိုတိုးလာပြီး ဒူးခေါင်းနာကျင်မှုကလည်း ပိုပိုပြင်းထန်လာခဲ့ပါတယ်။ နာတာက ပေါ်လိုက်ပျောက်လိုက်နဲ့ အကြိမ်ရေပိုစိတ်လာပြီး ဆေးလိမ်းတာတို့၊ အနားယူလိုက်တာတို့မှပဲ သက်သာပါတယ်။ 

➡ 2021 မှာတော့ လမ်းလျှောက်လိုက်ရင်ကို ဒူးနာလာပါပြီ။ အရင်က အကွာအဝေး ၈မိုင်လောက်ထိ လမ်းလျှောက်နိုင်ခဲ့ရာကနေ ၁မိုင်ကနေ ၄မိုင်လောက်ပဲ လျှောက်ဖြစ်ပါတော့တယ်။ 

➡ 2022 မှာတော့ လမ်းလည်းမလျှောက်နိုင်၊ မတ်တပ်လည်းကြာကြာမရပ်နိုင်တော့ဘဲ 2023 ရောက်တဲ့အခါမှာ ဒူးခေါင်းကွေးမရ‌တော့တဲ့ထိ နာကျင်မှုပိုဆိုးလာပါပြီ။ ဒါကြောင့်မို့ အန်တီက ဘန်ကောက်မြို့က Phyathai 3 Hospital မှာ ဒူးခေါင်းဘယ်ညာ နှစ်ဖက်လုံးကို အစားထိုးကုသဖို့ဆုံးဖြတ်ခဲ့ပါတယ်။ 

➡ ဒူးခေါင်းအစားထိုးခွဲစိတ်မှုအပြီးမှာလည်း ခြေထောက်အကွေးအဆန့်လေ့ကျင့်ခန်း၊ လမ်းလျှောက်အကူဖြင့် လမ်းလျှောက်လေ့ကျင့်ခန်း၊ လှေကားအတက်အဆင်းလေ့ကျင့်ခန်း၊ ကားမောင်းလေ့ကျင့်သည့် ကိရိယာအကူအညီဖြင့် လေ့ကျင့်ခန်း စသည်တို့ကို အရိုးအဆစ်ပညာရှင်များနဲ့အတူ လေ့ကျင့်ခဲ့ပါတယ်။ 

🔷အခုဆိုရင် အန်တီရဲ့ ဒူးခေါင်းခွဲစိတ်မှုအခြေအနေက တိုးတက်ကောင်းမွန်နေပါပြီ။ အခုလို ကျွန်မတို့ရဲ့ Phyathai 3 Hospital ကို ရွေးချယ်ခဲ့တဲ့ အန်တီကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။