နှစ်ပေါင်း ၂၀ ကျော်ကြာ လက်နှစ်ဖက်ထုံကျင်အားနည်းမှုမှ ACDF ခွဲစိတ်ကုသပြီး ပြန်လည်ကောင်းမွန်လာခဲ့သော ဆရာတော် 🙏

နှစ်ပေါင်း ၂၀ ကျော်ကြာ လက်နှစ်ဖက်ထုံကျင်အားနည်းမှုမှ ACDF ခွဲစိတ်ကုသပြီး ပြန်လည်ကောင်းမွန်လာခဲ့သော ဆရာတော် 🙏

🙏 နှစ်ပေါင်း ၂၀ ကျော် ခံစားခဲ့ရသော လက်အားနည်းခြင်းနှင့် ထုံကျင်ခြင်းမှ ပြန်လည်သက်သာလာခဲ့သော ဆရာတော်တစ်ပါး 🙏

🔸 အသက် (၅၇) နှစ်အရွယ် မန္တလေးမြို့မှ ဆရာတော်တစ်ပါးသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) ခန့်ကစ၍ ညာဘက်လက်တွင် ထုံကျင်ခြင်းနှင့် အားနည်းခြင်းတို့ စတင်ဖြစ်ပေါ်လာခဲ့ပါသည်။

🔸 ထို့နောက် (၅) နှစ်ခန့်အကြာတွင် ဘယ်ဘက်လက်သို့လည်း ရောဂါလက္ခဏာများ ပျံ့နှံ့လာခဲ့သည်။

🔸 ဆေးဝါးများကို ဆက်တိုက်သောက်သုံးခဲ့သော်လည်း အခြေအနေမှာ သိသိသာသာ မတိုးတက်ဘဲ ယခင်အတိုင်းသာ ရှိနေခဲ့ပါသည်။

🔸 ထူးခြားသည်မှာ အလေးချိန်များသော ပစ္စည်းများကို မနိုင်မနင်းမရှိ သယ်နိုင်သော်လည်း လက်ချောင်းအသေးစိတ် လှုပ်ရှားမှုများ ပြုလုပ်ရာတွင် လက်တုန်ခြင်းနှင့် ထိန်းချုပ်ရခက်ခဲခြင်းများ ရှိနေခဲ့သည်။

🔸 နောက်ပိုင်းတွင် လည်ပင်းနောက်ပိုင်းမှ ရင်ဘတ်အထိ ထုံကျင်လာပြီး လက်နှစ်ဖက်လုံး၏ ထုံကျင်မှုလည်း ဆက်လက်ရှိနေခဲ့ပါသည်။

💁 ၂၀၂၆ ခုနှစ် မေလတွင် MRI စစ်ဆေးရာ၌ C5-6 အဆင့်တွင် 𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐒𝐩𝐨𝐧𝐝𝐲𝐥𝐨𝐬𝐢𝐬 ကြောင့် အာရုံကြောမကြီး (𝐒𝐩𝐢𝐧𝐚𝐥 𝐂𝐨𝐫𝐝) ဖိမိနေခြင်း နှင့် 𝐁𝐢𝐥𝐚𝐭𝐞𝐫𝐚𝐥 𝐅𝐨𝐫𝐚𝐦𝐢𝐧𝐚𝐥 𝐒𝐭𝐞𝐧𝐨𝐬𝐢𝐬 ကို တွေ့ရှိခဲ့ပါသည်။

🧑‍⚕️ ထို့ကြောင့် 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှ

ဦးနှောက်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး

𝐃𝐫. 𝐓𝐡𝐞𝐞𝐫𝐚𝐜𝐡𝐚𝐢 𝐏𝐡𝐚𝐧𝐢𝐭𝐩𝐡𝐨𝐧𝐠 ကိုယ်တိုင်

𝐀𝐂𝐃𝐅 (𝐀𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐃𝐢𝐬𝐜𝐞𝐜𝐭𝐨𝐦𝐲 𝐚𝐧𝐝 𝐅𝐮𝐬𝐢𝐨𝐧) 𝐂𝟓-𝟔 𝐰𝐢𝐭𝐡 𝐒𝐭𝐚𝐧𝐝𝐚𝐥𝐨𝐧𝐞 𝐂𝐚𝐠𝐞 ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပါသည်။

✨ ခွဲစိတ်ကုသပြီးနောက် ဆရာတော်၏ ရောဂါလက္ခဏာများမှာ သိသိသာသာ သက်သာကောင်းမွန်လာခဲ့ပြီး “အရမ်းသက်သာပြီး နေလို့ကောင်းသွားပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

✨ ယနေ့တွင် ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ပြီး သစ်သီးခြင်းလေး လှူဒါန်းခွင့်ရခဲ့ပါသည်။ ဆရာတော်၏ အပြုံးနှင့် ကျန်းမာလာသော အခြေအနေကို မြင်တွေ့ရသဖြင့် အလွန်ဝမ်းမြောက်ပီတိဖြစ်ရပါသည်။

🙏 ဆရာတော် ဘုန်းဘုန်း၏ ကျန်းမာရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာဖြင့် သာသနာပြုနိုင်ပါစေကြောင်း ကျွန်မတို့ 𝐏𝐡𝐲𝐚𝐭𝐡𝐚𝐢 𝟑 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 ( 𝐏𝐚𝐧𝐀𝐬𝐢𝐚 𝐌𝐞𝐝𝐢𝐜𝐚𝐥 ) မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨