ဖယာထိုင်း ၃ ဆေးရုံ၏ ဝန်ဆောင်မှုများတွင် မာကျောမှုမရှိခြင်း (erectile dysfunction) ကဲ့သို့သော ဆီးလမ်းကြောင်းစနစ်နှင့်ဆိုင်ရာ ရောဂါများအတွက် ရောဂါရှာဖွေခြင်းနှင့် ကုသပေးခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် အတွေ့အကြုံရင့် ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့က ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာများနှင့်အတူ တိကျမှန်ကန်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ လူနာများအနေဖြင့် အိမ်ပြန်ရောက်သည့်အခါ ကိုယ်တိုင်ဂရုစိုက်ရမည့်အချက်များနှင့် ပတ်သက်၍ ပြည့်စုံသော အကြံဉာဏ်များကို အသင့်စောင့်ရှောက်ပေးမည့် သူနာပြုအဖွဲ့ကလည်း အစဥ်အသင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။