ဖယာထိုင်း ၃ ဆေးရုံရှိ အမျိုးသမီးကျန်းမာရေးစင်တာသည် အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးနက်နဲသော လိုအပ်ချက်များကို အထူးဂရုပြု၍ စေတနာအပြည့်ဖြင့် ပြည့်စုံလင်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အကောင်းဆုံးပေးအပ်လျက် ရှိပါသည်။ အမျိုးသမီးတို့၏ ကျန်းမာရေးကဏ္ဍသည် သားဖွားမီးယပ်ဆိုင်ရာကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေအောင်နိုင်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ အသက်အရွယ်အလိုက် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများနှင့် မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါများအထိ ဘဝအဆင့်အတန်းတိုင်းတွင် ရှုပ်ထွေးမှုများစွာ ရှိနေတတ်ပါသည်။
ထို့ကြောင့် အမျိုးသမီးများ၏ ကွဲပြားခြားနားသော လိုအပ်ချက်များကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရန်အတွက် ယင်းစင်တာရှိ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများက ခေတ်မီဆန်းသစ်သော ဆေးပညာနည်းပညာများကို အသုံးပြု၍ အမျိုးသမီးတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်းနှင့် ကိုက်ညီမည့် စစ်ဆေးကုသမှုများကို အထူးဂရုစိုက် ဆောင်ရွက်ပေးလျက် ရှိပါသည်။
အမျိုးသမီးများကျန်းမာရေးစင်တာ၏ ချဉ်းကပ်မှုပုံစံတွင် အဓိကအချက်မှာ အမျိုးသမီးများကျန်းမာရေးစောင့်ရှောက်မှုအတွက် အကောင်းဆုံးသော အစိတ်အပိုင်းများကို စေ့စေ့စပ်စပ် ရွေးချယ်ထားခြင်းပင် ဖြစ်ပါသည်။
အထူးကုဆရာဝန်ကြီးများ၊ အတွေ့အကြုံရင့် နာ့စ်ဆရာမများနှင့် တာဝန်သိဝန်ထမ်းများက ကုသရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် နိုင်ငံတကာစံချိန်စံညွှန်းမီ ဝန်ဆောင်မှုများကို ပေါင်းစပ်ကာ ချောမွေ့ပြေပြစ်စွာ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ ဘက်စုံပြည့်ဝသော နည်းလမ်းဖြင့် အမျိုးသမီးတစ်ဦး၏ ဘဝခရီးလမ်းတစ်လျှောက် အစစအရာရာကို ပြည့်စုံစွာ စောင့်ရှောက်ပေးနေပါသည်
ကိုယ်ဝန်ဆောင်နှင့် မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှု : ယင်းစင်တာသည် လုံခြုံစိတ်ချရသောကိုယ်ဝန်ဆောင်ကာလနှင့် အန္တရာယ်ကင်းကင်း မီးဖွားနိုင်ရေးအတွက် နွေးထွေးပျူငှာပြီး စိတ်ချယုံကြည်ရသော ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးထားပါသည်။
မိခင်ဘဝဆီသို့ လျှောက်လှမ်းမည့်ခရီးစဉ်သည် ပျော်ရွှင်မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောနှောနေတတ်သည်ကို နားလည်သဘောပေါက်ထားသည့်အတွက် ကျွန်ုပ်တို့၏စင်တာသည် အမျိုးသမီးများကို အဆင့်တိုင်းတွင် အပြည့်အဝ ပံ့ပိုးပေးနိုင်ရန် အသင့်ရှိနေပါသည်။ သန္ဓေတည်လိုသူများအတွက် ခေတ်မီဆန်းသစ်သော မျိုးအောင်ခြင်းနည်းပညာများပါဝင်သည့် မိသားစုစီမံကိန်း (သားဆက်ခြားခြင်း) ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်ချိန် အန္တရာယ်များနိုင်သည့် (High-risk) လူနာများအတွက်လည်း အချို့သော ကျန်းမာရေးအခြေအနေများကို မွေးဖွားလာချိန်မတိုင်မီကတည်းက ကြိုတင်ကုသနိုင်သည်ကို အသိအမှတ်ပြုလျက် ကျွမ်းကျင်ပါရဂူကြီးများက အထူးကြပ်မတ် စောင့်ရှောက်မှုပေးလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဤစင်တာသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော အသိပညာဗဟုသုတများကို မျှဝေပေးရန်၊ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် လမ်းညွှန်ပြသပေးရန်နှင့် ယုံကြည်မှုအပြည့်အဝ ရရှိစေရန် အသင့်ဆောင်ရွက်ပေးလျက်ရှိရာ မိခင်တိုင်း၏ ကိုယ်ဝန်ဆောင်ကာလ အတွေ့အကြုံသည် ကျန်းမာပျော်ရွှင်ပြီး အရည်အသွေးအကောင်းဆုံး ဖြစ်လာစေရန် အာမခံချက် ပေးထားပါသည်။
သုန္ဘူရီ (Thonburi) မြို့၏ အချက်အချာကျသောနေရာတွင် တည်ရှိသည့် ဖျာထိုင်း ၃ ဆေးရုံ (Phyathai 3 Hospital) ရှိ အမျိုးသမီးကျန်းမာရေးစင်တာသည် စစ်မှန်ပြီး စာနာထောက်ထားမှုအပြည့်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်နိုင်ရန် အမြဲတမ်းတိုးတက်ပြောင်းလဲလျက် ရှိပါသည်။ ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်မှုသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးယပ်ရောဂါကုသမှုများတွင်သာ ကန့်သတ်မနေဘဲ အကောင်းဆုံးသော စောင့်ရှောက်မှုကို လိုလားတောင့်တသည့် အမျိုးသမီးတိုင်း၏ သဘာဝဆန္ဒကိုပါ ကောင်းစွာ နားလည်သဘောပေါက်ထားကြပါသည်။
စင်တာအနေဖြင့် ခြေလှမ်းတိုင်းတွင် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအဖွဲ့များနှင့် အတွေ့အကြုံရှိသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများက စေ့စေ့စပ်စပ် ဂရုစိုက်မှု၊ စာနာနားလည်မှု၊ ကရုဏာရှေ့ထားသည့် စောင့်ရှောက်မှုများကို ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် ခေတ်မီဆန်းသစ်သော အလှတရားများဖြင့် ဒီဇိုင်းထုတ်ထားပြီး ဟိုတယ်အဆင့်မီ ဝန်ဆောင်မှုများပါရှိသည့် Presidential Suite ကဲ့သို့သော အဆင့်မြင့် တည်းခိုခန်းများဖြင့် ပြည့်စုံကာ သက်တောင့်သက်သာ အရှိဆုံးဖြစ်စေရန် အထူးဂရုစိုက် ဆောင်ရွက်ပေးထားပါသည်။ ဤကဲ့သို့သော ချဉ်းကပ်မှုစနစ်ကြောင့် အမျိုးသမီးများ ကြုံတွေ့ရသမျှ စိုးရိမ်ပူပန်မှုမှန်သမျှကို အမြင့်ဆုံးစံနှုန်းများနှင့်အညီ အထူးဂရုစိုက် ကုသပေးနိုင်မည် ဖြစ်ပါသည်။